စကားသံတွေနဲ့ ဆူညံနေတဲ့အခန်းအတွင်းနှင့် ဆန့်ကျင်စွာ ဘားအပြင်ဘက် လမ်းကြားလေးမှာတော့ တိတ်ဆိတ်နေသည်။နောက်ဖေးလမ်းကြားလေးထဲမှာ အမှောင်ရိပ်ကျနေသော်လဲ လမ်းမကြီးဆီက အလင်းရောင်များနှင့် တစ်ခါတစ်ရံဖြတ်သွားသော ကားများကို မြင်နေရသည်။ ဘာပဲဖြစ်ဖြစ် ဆူဘင်းအတွက်တော့ ဆူညံနေတဲ့အခန်းထဲထက်စာရင် ဒီလမ်းကြားလေးထဲက လေထုက ပို၍ အဆင်ပြေသည်။
ဒီလမ်းကြားလေးထဲမှာ ဆူဘင်းရောက်နေတာ ငါးမိနစ်ပင်မပြည့်သေးပါ။ အနောက်ပါးဆီက ခြေသံဖွဖွကြားလိုက်ရပြီး ခဏအကြာမှာ ဟျူနင်းခါအီက ဆူဘင်းဆီကို ရောက်လာသည်။
"ဘာလို့လိုက်လာတာလဲ ဟျူနင်း...
သူငယ်ချင်းတွေနဲ့နေခဲ့တာမဟုတ်ဘူး.."
ဆူဘင်းပြောလိုက်တဲ့အခါ ဟျူနင်းကမျက်နှာငယ်ကာ လက်တစ်ဖက်ကလဲ ဆူဘင်းပုခုံးကို ဆွဲဖက်၍ အသံတိုးတိုးနှင့်ပြောလာသည်။
"အွန်း.. အစ်ကိုပျောက်သွားလို့လေ..
စိတ်ကျဉ်းကြပ်လို့လား..
ဒီတစ်ခါပွဲက မင်ဟျွန်းရဲ့ပွဲမို့လို့ပါ
အစ်ကိုနဲ့လဲ ရင်းနှီးနေတဲ့သူမလို့လေ...
တကယ် ဒီတစ်ခါပြီးရင်... အစ်ကိုစိတ်ကျဉ်းကြပ်မယ့်နေရာတွေကို မခေါ်တော့ဘူး...
ပြီးတော့ ကျွန်တော်လဲ ဒီနေရာတွေကို မလာတော့ဘူး..."
ဟျူနင်းရဲ့အသံက နွမ်းလျနေပြီး စိတ်မကောင်းဟန်တို့ အထင်သား ပေါ်လွင်နေသည်။ ရှိုက်ထုတ်လိုက်တဲ့ လေငွေ့နွေးနွေးဟာ ဆူဘင်းရဲ့ ပုခုံးထက်ဆီကို ပူနွေးစွာ။ သူ့အတွက်နဲ့ ဟျူနင်းက နိစ္စဓူဝဖြစ်နေတဲ့ အကျင့်တွေကို ပြင်မယ်ဆိုတာမျိုးက ဆူဘင်းကို လုံးလုံးလျားလျား မပျော်ရွှင်နိုင်ပေ။
ဘယ်လိုပဲဖြစ်နေပါစေ ဟျူနင်းက အပေါင်းအသင်းတွေကို ခင်မင်တတ်တယ်ဆိုတာ ဆူဘင်းလဲ မသိတာမဟုတ်ပေ။
"မဟုတ်တာ.. ကိုယ့်အတွက်ကြောင့်နဲ့ မင်းက ဒီလိုမျိုးလုပ်ဖို့မလိုပါဘူး.. ဒီနေ့က ကိုယ်နည်းနည်းပင်ပန်းနေလို့ပါ.."
"အစ်ကို ပင်ပန်းနေတာလား.. ကျွန်တော် ဖက်ထားပေးဖို့ လိုသေးလား.."
ပြောရင်းနဲ့ ဟျူနင်းက လက်နှစ်ဖက်ကိုဖွင့်ဟပြီး ဆူဘင်းအနားကို တိုးကပ်လာသည်။ ဆူဘင်းရှောင်ဖို့ ကြိုးစားကြည့်ပေမယ့်လဲ သူ့နှလုံးသားကိုယ်တိုင်က မတတ်နိုင်ပေ။ ပြီးတော့ မထိတထိနဲ့ ရွှန်းရွှန်းစားစားကြည့်နေတဲ့ ဟျူနင်းခါအီရဲ့ အကြည့်တွေ။
YOU ARE READING
Deja Vu(Anemoia ver) |Sookai
FanfictionThe past will come back Return to the beginning.
