Chapter 4 - ဂျုံယာဂုစားသည့်နည်းလမ်းအသစ်
ကျန်းရှင်းယွီတစ်ယောက် ဇွဲကောင်းလွန်းသောအိုက်လင်းကြောင့် ပင်မဆောင်သို့ဝင်ပြီး ပန်းကန်တစ်လုံးကိုယူလိုက်ကာ နှစ်ယောက်သားထမင်းစားဆောင်သို့ ထွက်လာခဲ့လိုက်သည်။
ရှစ်နာရီခွဲတွင်ကျွေးသောမနက်စာသည် ကျန်းရှင်းယွီ၏အလှည့်ရောက်သောအခါ ကိုးနာရီပင်ထိုးပေတော့မည်။
ဒီနေ့တော့ဂျုံယာဂုကိုမစားသေးဘဲ သူမကိုစောင့်နေသည့်အိုက်လင်းအားတွေ့လိုက်ရသည်။
“ရှင်းယွီရေ၊ နင်ဒီနေ့ထင်းသွားကောက်ရင် ငါလိုက်ကူပေးမှာမလို့ထမင်းစားဆောင်မှာဘဲ အရင်သွားစားကြရအောင်လေ။”
“အင်းစားကြတာပေါ့၊ ဒါပေမယ့်ငါ့ကိုမလိုက်ကူလည်းရပါတယ်၊ နင်လည်းရှာထားတဲ့ထင်းတွေ အိမ်ကိုပြန်သယ်ရဦးမှာပဲကို ငါ့ဘာသာဖြည်းဖြည်းချင်းလုပ်နိုင်ပါတယ်။”
“အေးပါ၊ ဟိုဘက်မှာနေရာလွတ်နေတယ်၊ မြန်မြန်လေးသွားထိုင်စားကြရအောင်”
ယခင်ကဂျုံယာဂုအား အိမ်ယူပြန်သွားဖို့စိတ်ကူးခဲ့သော်လည်း ယခုအခြေအနေတိုင်းဆိုလျှင် မစားလို့မဖြစ်တော့မှန်း ကျန်းရှင်းယွီတစ်ယောက်သဘောပေါက်လိုက်သည်။
နှစ်ယောက်သားထိုင်လိုက်ကြပြီး ကျန်းရှင်းယွီမှာတော့တူတောင်မကိုင်တော့ဘဲ ဂျုံယာဂုကိုစုပ်သောက်နေသော အိုက်လင်းကိုသာစိုက်ကြည့်နေမိသည်။
ကြံရာမရတဲ့အဆုံးမှာတော့ သူမလည်းအရသာခံမနေတော့ဘဲ ပန်းကန်ကိုကိုင်ကာ မော့သောက်ချလိုက်ရင်း အန်ချင်စိတ်ကိုထိန်းထားလိုက်ရသည်။
“ဖြည်းဖြည်းစားပါဟ၊ လိုရင်ငါ့ဆီကယူလို့ရပါသေးတယ်”
“တော်ပါပြီဟာ၊ ငါ့ဟာမြန်မြန်ကုန်ရင်ပြီးတာဘဲ”
ဒီလိုငြင်းဆန်မှုလေးကြောင့် မိန်းကလေးတစ်ဦးရဲ့ခံစားချက်ကိုထိခိုက်သွားစေမည်ဟု မည်သူထင်ထားမိမည်နည်း။
နှစ်ယောက်သားစားပြီးသွားချိန်တွင် ဂျုံယာဂုပန်းကန်ကိုတူဖြင့်သေချာခြစ်ယူနေသော အမျိုးသမီးကိုတွေ့လိုက်ရရာ တူကိုဒီလိုသုံးလို့ရမှန်းမသိခဲ့ဘဲ အထူးအဆန်းဖြစ်နေခဲ့ရလေ၏။
YOU ARE READING
"ငတ်မွတ်ခေါင်းပါးချိန်တွင် ကံကောင်းစွာဖြင့် နေရာလွတ်ရရှိခဲ့ခြင်း"
RomanceKousui Channel
