ငါ့ခံစားချက် ငါ့ကဗျာ
နှလုံးသွေးနဲ့ရေးတဲ့ သမုဒယသစ္စာ🖋️📗


အပမှီနိုင်ငံတော်
ရေပေါ်စာတွေဖတ်ရတာပျင်းလာပြီ ကမ္ဘာကြီးကမကျန်းမာဘူး နိုင်ငံကအပမှီနေတယ် ရွာတစ်ရွာပြာကျသွားတဲ့သတင်းက ကိုယ်ဟန်ပြမယ်ရဲ့ပေါင်တံဖွေးဖွေးကို မကျော်နိုင်ခဲ့ဘူး မုဒိန်းကျင့်မီးရှို့ခံလိုက်ရတဲ့ ကောင်မလေးက clubတက်ပျော်ပါးနေတဲ့မိန်းကလေးလောက် အရာမဝင်ခဲ့ဘူး သေမင်းနှုတ်ခမ်းဝကလူကို အအေးခန်းထဲကလူတွေက အပြစ်တင်ကဲ့ရဲ့နေကြတယ် သာသနာပြုဘုန်းကြီးက နိုင်ငံတကာမှာ ဘုရားလှည့်တည်နေတယ် နိုင်ငံအတွင်းကစေတီပုထိုးတွေတော့ ဘောင်မဝင်ဘူးထင်ပါရဲ့ ပြာပုံထဲမှာ တုံးလုံးပက်လက် တစ်ချို့အတွက်မနက်ဖြန်က ရွှေလို တစ်ချို့ကျ မနက်ဖြန်က မသေချာမရေရာ ကမ္ဘာကြီးဟာ ပုံမှန်လေးလည်ပတ်နေပေမယ့် ပုံမှန်မဟုတ်တဲ့နေရာတွေမှာ မုန်တိုင်းဟာ ကွက်ကြမ်းနေတယ်... ဒါပါပဲ အမှန်တရားတွေပြောရင် အမှားတရားတွေနဲ့အပြစ်ဖို့ကြလိမ့်မယ် ဒီနိုင်ငံဟာ အပမှီနေတဲ့အတွက် လူတွေဟာ မကောင်းဆိုးဝါးလိုလို မကောင်းဆိုးဝါးဟာ လူလိုလိုဖြစ်လိမ့်မယ်။ ။ -ခွန်းနိုင်
  • JoinedJanuary 23, 2022

Following


Stories by !
MinV Short Stories (BDSM) by KHAkar333
MinV Short Stories (BDSM)
.......
ranking #1 in jiv See all rankings
ချစ်သူကပြဌာန်းတဲ့ နှလုံးသားအဘိဓာန် by KHAkar333
ချစ်သူကပြဌာန်းတဲ့ နှလုံးသားအဘိဓာန်
ကျနော့်ရင်ဘတ်မှာ သူရေးထိုးထားတဲ့ စကားလုံးတွေ အများကြီးရှိတယ်
ranking #881 in topjimin See all rankings
3 Reading Lists