အခန်း၄၃။
ရှဲ့ဟွိုင်ရဲ့မျက်နှာက ပုဝါအဖြူရောင်ဖြင့် ဖုံးအုပ်ထားခြင်းခံရ၏။ထိုမြင်ကွင်းကိုကြည့်ပြီး သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းလွှာက တင်းတင်းစေ့သွားခဲ့၏။ဝူယီမေ့က ဖန်းလီရဲ့အရှေ့မှာဆို အမြဲတမ်းယဉ်ယဉ်ကျေးကျေးနဲ့ ထိန်းထိန်းသိမ်းသိမ်းပြုမူပြီး ရှဲ့ဟွိုင်နဲ့မပတ်သတ်ချင်တဲ့ပုံစံဖြစ်နေပေမဲ့ သူ့အပေါ်ရန်လိုနေတဲ့ ဝူယီမေ့ရဲ့ သဘောထားကို ရှဲ့ဟွိုင်ခံစားနိုင်လေသည်။
သူက ဖန်းလီကို တကယ်ဂရုစိုက်ပုံရ၏။ဒီလိုမျိုးသစ္စာရှိမှုမျိုးက တကယ်ပဲ လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ပဲလား....?
ဒါမှမဟုတ် တခြားပိုပြီးနက်ရှိုင်းတဲ့ ဆက်နွယ်မှုတွေရှိနေမလား?
သူတို့နှစ်ယောက်ကြားထဲက ယုံကြည်မှုနဲ့ နားလည်မှုတွေက မြင်လို့လည်းမရ၊ဆုပ်ကိုင်ပြလို့လည်းမရပေမဲ့ ယင်းက ရှဲ့ဟွိုင်အတွက်တော့ ဘယ်လိုမှလှမ်းထိလို့မရတဲ့ အရာတစ်ခုပင်။သူ့ရဲ့မျက်ခုံးတွေက အနည်းငယ်တွန့်ကျိုးသွားပြီး ပြတင်းပေါက်ဘက်သို့ ခေါင်းကိုလှည့်လိုက်တော့၏။
မကြာခင်အချိန်မှာပဲ စားပွဲထိုးက သူတို့မှာထားခဲ့တဲ့ ဝိုင်နဲ့ဟင်းလျာတွေကို ယူလာပေးကြ၏။
ထိုဝိုင်က တကယ်ကိုထူးခြားလေ၏။အရသာက မွှေးထုံကြိုင်လှိုင်နေပြီး ပါးစပ်ထဲတွင် စွဲကျန်ရစ်နေစေ၏။ဖန်းလီက ပျင်းရိပျင်းတွဲ့နဲ့ ဝိုင်ခွက်ကို ဆုပ်ကိုင်ထားခဲ့ပြီး ပတ်ဝန်းကျင်မှ စကားသံတွေက သူ့နားထဲကို ဝင်ရောက်လာခဲ့သည်။
"ညီအကိုတင်း ခင်ဗျားလည်းဒီကို ညကောင်းကင်နန်းတော်ရဲ့ ဖိတ်ကြားချက်ကြောင့်ရောက်လာတာလား?"
"ဟုတ်တယ်၊ ခင်ဗျားတို့ရောပဲလား?"
"ခင်ဗျားတို့ရဲ့ ကြေးသွေးရောင်နေထွက်ကျောင်းတော်က ညကောင်းကင်နန်းတော်နဲ့ အမြဲတမ်းရင်းနှီးနေခဲ့တာ ဒီတစ်ခေါက်စုဝေးပွဲက ဘာအကြောင်းလဲဆိုတာ ခင်ဗျားတို့သိကြလား?"
"အာ၊ဒီတစ်ခေါက်တော့ ကျုပ်မှာလည်းသဲလွန်စမရှိဘူးဗျ"
ဝူယီမေ့က ထိုအကြောင်းတွေကို မျက်လွှာချနားထောင်နေပြီး ထို့နောက်တွင် ဖန်းလီအားမေးလိုက်၏။ "ကျွန်တော်နည်းနည်းလောက်စုံစမ်းကြည့်လိုက်ရမလား?"
YOU ARE READING
နတ်ဆိုးဘုရင်ကြီးက ဇာတ်ညွှန်းအတိုင်းပဲလိုက်လုပ်ချင်တာပါ(ဘာသာပြန်)
AdventureCN : 魔尊只想走剧情 MC Shou
