87

1.7K 152 4
                                        

အခန်း၈၇။

ဖန်းလီက ဆိုင်လက်ထောက်အကူကို မထုံတက်ထေးကြည့်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်တွေက ကွေးညွှတ်သွားတော့သည်။ "ငါ ဒါတွေကို လိုချင်တယ်လို့ပဲ ပြောခဲ့တာ၊ ငွေပေးမယ်လို့ ဘယ်တုန်းကပြောခဲ့လို့လဲ?"

ဆိုင်လက်ထောက်အကူ : "???"

ဒါဆို စျေးနှုန်းက အရေးမကြီးသလိုမျိုး မင်းလိုချင်တာကို မင်းယူသွားတဲ့ခံစားချက်က ငွေပေးဖို့ မရည်ရွယ်ထားလို့ပေါ့?

ဒါက ဘယ်လိုနေရာလဲဆိုတာ မင်းသိရဲ့လား?

ဆိုင်လက်ထောက်အကူရဲ့ မျက်နှာက ပြောင်းလဲသွားတော့၏။

တောင်ရှုခင်းမြို့ထဲက ရတနာတစ်ထောင်မျှော်စင်မှာ ပြဿနာလာရှာရဲတဲ့လူက အသက်ရှင်ရတာ ငြီးငွေ့နေပြီးပဲဖြစ်ရမယ်!

သူက ဖန်းလီကို အရူးတစ်ယောက်လိုကြည့်နေလိုက်သည်။

ဆိုင်လက်ထောက်အကူက လူခေါ်ဖို့လုပ်နေတုန်းမှာပဲ လက်သွယ်သွယ်လေးတစ်ခုက ပိုက်ဆံအိတ်တစ်လုံးကို ကမ်းပေးလာလေ၏။

ဖူကျွမ်းလင်ရဲ့မျက်နှာက အမူအရာမဲ့နေကာ "ဝိညာဉ်ကျောက်တုံး ခုနှစ်သောင်း၊ ကြည့်ကြည့်ပါ"

ဆိုင်လက်ထောက်အကူက ခဏလောက်ထိတ်လန့်သွားပြီး ပိုက်ဆံအိတ်ကိုယူကာ ရေတွက်လိုက်၏။တကယ်ပဲ ဝိညာဉ်ကျောက်တုံးခုနှစ်သောင်းရှိပြီး တစ်တုံးမှမလျော့ချေ။ဆိုင်လက်ထောက်အကူရဲ့မျက်နှာက နောက်ဆုံးတော့ နည်းနည်းလေးပိုကောင်းလာခဲ့သည်။သူက ရူးနေတဲ့လူတစ်ယောက်က လာပြီး ပြဿနာရှာရဲတယ်လို့ ထင်ခဲ့တာပင်။ဒါပေမဲ့ လျှာထက်တဲ့လူတစ်ယောက်သာ ဖြစ်နေခဲ့၏။

ဖန်းလီရဲ့အကြည့်က ဘေးဘက်ကိုရွှေ့သွားပြီး ဖူကျွမ်းလင်ကို ပျော်စရာတစ်ခုကိုကြည့်နေသကဲ့သို့ ကြည့်လိုက်သည်။ဖူကျွမ်းလင်သူ့အနောက်ကိုလိုက်လာတာက သူ့အရှုပ်ထုပ်တွေကို ရှင်းပေးဖို့မှန်း သူသိ၏။သူက ရတနာတစ်သောင်း မျှော်စင်ကို တမင်လာခဲ့ပြီး ဝိညာဉ်ကျောက်တုံးတစ်သိန်းနီးပါးလောက်ရှိတဲ့ ပစ္စည်းတွေကို ယူခဲ့တာကလည်း ဖူကျွမ်းလင်က သူ့ကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ သိချင်လို့ပင်.......

နတ်ဆိုးဘုရင်ကြီးက ဇာတ်ညွှန်းအတိုင်းပဲလိုက်လုပ်ချင်တာပါ(ဘာသာပြန်)Where stories live. Discover now